အကြောင်းအရာသို့ ကျော်ရန်
Plywood Wardrobe WN-PWR-8842 Walnut 810 x 520 x 1830 mm1 / 3

Plywood Wardrobe WN-PWR-8842 Walnut 810 x 520 x 1830 mm

1,532,000 MMK
အရေအတွက်
1
ပို့ဆောင်ခကို အော်ဒါတင်ပြီးနောက် ဆိုင်မှ အတည်ပြုပေးပါမည်။
Sရောင်းသူSweety Homeအတည်ပြုထားသော ဆိုင်ဤဆိုင်၏ နောက်ကွယ်က ပိုင်ရှင်ကို Parrot က စစ်ဆေးပြီး ဖြစ်ပါသည်။ဆိုင်သို့ သွားရန်

အသေးစိတ်

ခေတ်မီဆန်းသစ်သော ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့်အဝတ်ဗီဒို အမျိုးအစားဖြစ်သောကြောင့် အိမ်တိုင်း နှင့်လိုက်ဖက်မှုရှိစေပြီး အိမ်ခန်း၏ အလှအား ပိုမိုခန့်ညားတင့်တယ်စေပါသည်။ သိပ်သည်းဆမြင့်မားသော Medium Density Fiber (MDF) အမျိုးအစား ကြိတ်သား နှင့် Melamine Coating တို့အား တွဲဖက်အသုံးပြုထုတ်လုပ်ထားခြင်းကြောင့် မာကျောကျစ်လစ်မှုရှိ၍ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။ အရည်အသွေးကောင်းမွန်သော PU-Sealer မှုတ်ဆေးအမျိုးအစားအား အသုံးပြုထားသည့်အတွက် အနံ့အသက်ကင်းစင်သည့်အပြင် ပိုးထိုးခြင်း၊ခြစားခြင်းများ လုံးဝ မဖြစ်စေပါ။ ထုတ်လုပ်မှုအပိုင်းတွင်လည်း ကော်ပတ်အချောတိုက်စက်၊ အကြမ်းတိုက်စက်များဖြင့် အချောသပ်ထုတ်လုပ်ထားခြင်းကြောင့် လှပသေသပ်ပြီး ညီညာချောမွေ့စေပါသည်။ အဝတ်အစားများအား ပိုးကိုက်ခြင်း၊မှိုနံ့စွဲခြင်း၊ညစ်ပေခြင်းများမှ ကင်းဝေးစေပြီး သန့်ရှင်းသပ်ရပ်စွာ သိမ်းဆည်းထားနိုင်ပါသည်။ အထပ် များအပြင် အံဆွဲ (၂) ခု ပါဝင်သောကြောင့် အဝတ်အစားများ အပြင် အခြားဆက်စပ်အသုံးအဆောင်ပစ္စည်းများကိုပါ တနေရာတည်းတွင် အလွယ်တကူ သိမ်းဆည်းထားနိုင်ပါသည်။သော့ပါဝင်သောကြောင့် အခြားအရေးကြီးပစ္စည်းများကိုပါ လုံခြုံစိတ်ချစွာ ထားရှိနိုင်ပါသည်။ အဖွင့်အပိတ်ပြုလုပ်သော တံခါးနေရာတွင် ကိုယ်လုံးကြည့်မှန် (၂) ချပ်တပ်ဆင်ထားသဖြင့် ဝတ်စားဆင်ယင်မှုပုံစံအား အလွယ်တကူ ကြည့်ရူနိုင်ပါသည်။ အလျား၊အနံ အတိုင်းအတာ 810x520x1830 mm ရှိသဖြင့် အိမ် နှင့် အခန်းကျယ်သူများအတွက် အသုံးပြုနိုင်ပါသည်။ Brand: Sweety Home

homemall.com.mm တွင် ကြည့်ရန်

ဤအမျိုးအစားမှ ထပ်ကြည့်ရန်