Plywood Altar SW-AA-2802 1200 x 600 x 1780 mm
အသေးစိတ်
Sonoma Oak သစ်သားကိုဖယောင်း Coating နှင့်ပေါင်းစပ်ပြီးထုတ်လုပ်ထားသောဘုရားစင်ဖြစ်ပါသည်။ သစ်သား၏ အရောင်နှင့် ပုံစံသည် သဘာဝကျသော အလှတရားကို ပေးစွမ်းနိုင်သည့်အပြင်အညစ်အကြေးများကို ဖုံးကွယ်ပေးနိုင်ပြီး သန့်ရှင်းရေးလုပ်ရန်လွယ်ကူသည် ။အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပြီး အရောင်ပျက်စီးခြင်း မျိုး မရှိပဲ ခိုင်ခံ့မှု ရှိပါသည်။ Sonoma Oak သည် အလွန်လှပသော သစ်သားအမျိုးအစားဖြစ်ပြီး အိမ်တွင်းအလှဆင်ခြင်းနှင့် ပရိဘောဂများတွင် ကျယ်ပြန့်စွာ အသုံးပြုကြသောကြောင့် ဘုရားစင် ထုတ်လုပ်ရာတွင် လိုက်ဖက်မှု ရှိစေပါသည်။ Sonoma Oak ဘုရားစင်သည် အိမ်တွင်း ဘုရားခန်း၊ ဧည့်ခန်း သို့မဟုတ် အလုပ်ခန်းတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ၎င်း၏ ခေတ်မီသော ဒီဇိုင်းနှင့် သဘာဝကျသော အလှတရားကြောင့် အိမ်တွင်း ၊ဘုရားခန်းအလှဆင်မှုကို ပိုမိုလှပစေပါသည်။ဘုရားရုပ်ထုတော် ပူဇော်ရန် နှင့် ပူဇော် မည့် ပစ္စည်း များတင်နိုင်ရန်အတွက် စနစ်တကျ ထုတ်လုပ်ပေးထားပါသည်။ စာအုပ် စာတမ်း များနှင့် အခြားအသုံးအဆောင်ပစ္စည်းများထားနိုင်ရန်အတွက်လည်း ဗီရို အကန့် များနှင့်တွဲဖက်ထုတ်လုပ်ပေးထားပါသည်။ ထုထည်အားဖြင့်1200 x 600 x 1780 mm ဖြင့် ထုတ်လုပ်ထားပါသည်။ Brand: Sweety Home
homemall.com.mm တွင် ကြည့်ရန်